ပခုက္ကူခရိုင်၊ မြိုင်မြို့၌ အဖ ဦးပေါတင့်၊ အမိ ဒေါ်လှိုင်တို့က ၁၉၂၉-ခု၊ မေလ ၂၃ ရက်၊ ကြာသပတေးနေ့တွင် မွေးဖွားသည်။ မွေးချင်း ၇ယောက်တွင် အကြီးဆုံးဖြစ်သည်။ အမည်ရင်းမှာ ဦးမြသန်းဖြစ်သည်။ မြိုင်မြို့ တိုင်းရင်း မြန်မာအထက်တန်းကျောင်းတွင် စတုတ္ထတန်းအောင်မြင်ပြီးနောက် ပခုက္ကူမြို့ မြန်မာ-အင်္ဂလိပ် ဗုဒ္ဓဘာသာ အထက် တန်းကျောင်းသို့ ပြောင်းရွှေ့ရာ ပထမတန်းမှပြန်၍ ပညာသင်ခဲ့။
၁၉၄၁ - ပဉ္စမတန်းရောက်ခဲ့။
၁၉၄၂ - ဂျပန်ခေတ်တွင် ကျောင်းပြန်တက်ခဲ့။ 'ကျောင်းလက်ရေးမဂ္ဂဇင်း'ကို ဦးစီးထုတ်လုပ်ခဲ့။ (ထိုစဉ်က ၁၃ နှစ်အရွယ်မျှသာ)။ ဇိနတ္ထပကာသနီ၊ ငါးရာ့ ငါးဆယ်၊ ဇာတ်ကြီးဆယ်ဘွဲ့၊ ဟိတောပဒေသ၊ ကိုးခန်းပျို့၊ မဃဒေ၀လင်္ကာသစ်နှင့် နတ်သျှင်နောင်ရတုများ၊ မြန်မာဂန္ထ၀င်စာပေများဖတ်ခဲ့။ တစ်ဖက်တွင် ခေတ်ပေါ်စာပေများဖြစ်သော သက်စောင့်မဂ္ဂဇင်း၊ ဘားမားဂျာနယ်၊ ဆယ်သန်း၊ ဒဂုန်၊ စာဆိုတော်၊ ဂန္ထလောကနှင့် တက္ကသိုလ်ကျောင်းတိုက် မဂ္ဂဇင်းများကို လေ့လာခဲ့။ အထူးသဖြင့် ကာလပေါ်ဝတ္ထုများနှင့် နဂါးနီစာအုပ်များကို ဖတ်ရှုခဲ့။ စာပေနှင့် နိုင်ငံရေး ကို စတင်စိတ်ဝင်စားလာခဲ့။
၁၉၄၃ - အာရှလူငယ်များအဖွဲ့၌ တက်တက်ကြွကြွ ပါဝင်ခဲ့။
၁၉၄၄ - ဂျပန်တော်လှန်ရေး၊ မြေအောက်ကလပ်စီးများနှင့် ဆက်သွယ်၍ ဖက်ဆစ်တော်လှန်ရေးကြီးတွင် ပါဝင် ခဲ့။ မန္တလေးနှင့်မြင်းခြံခရိုင် လျှို့ဝှက်မြေအောက်လုပ်ငန်းများ
၁၉၄၅ - ဂျပန်တော်လှန်ရေးကာလအတွင်း စစ်ကိုင်းရှိ ဗိုလ်သန်းဦး၊ သခင်မော်တင်နှင့် မြိုင်မြို့ဘုန်းတော်ကြီး ဦးစရိယ(မြိုင် ဖ.ဆ.ပ.လအမတ်ဟောင်းဦးသက်ရှည်)တိ
၁၉၄၅ - ၄၇ - ဒု-ကမ္ဘာစစ်အပြီး မြင်းခြံခရိုင်တွင် တာဝန်ကျခဲ့။ မန္တလေးခရိုင်၊ အထက်မြန်မာပြည် ဖ.ဆ.ပ.လ အဖွဲ့ချုပ် မန္တလေးခရိုင်ကွန်မြူနစ်ပါတီတို့
၁၉၄၇ - မကျန်းမမာသဖြင့် တာဝန်မှအနားယူကာ တက္ကသိုလ်ဝင်စာမေးပွဲဖြေ။ ပခုက္ကူခရိုင်၊ ကျောင်းသားများ သမဂ္ဂဥက္ကဌအဖြစ် ဆောင်ရွက်ခဲ့။
၁၉၄၈ - ရန်ကုန်တက္ကသိုလ်သို့တက်ရောက်ခဲ့
၁၉၄၉ - ပထမဆုံးရေးသည့်'ဒုက္ခသည်'၀တ္ထုတို
၁၉၅၀ - စာပေသည် ပြည်သူ့အတွက်ဟူသော ကြွေးကြော်သံဖြင့် ''စာပေသစ်မဂ္ဂဇင်းကို ကိုသန်းတင်၊ ဒဂုန် တာရာ၊ မောင်ကြည်လင်၊ အောင်လင်းတို့နှင့်အတူ ဦးဆောင်ထုတ်ဝေခဲ့။
၁၉၅၁ - ပထမဦးဆုံးဘာသာပြန်လက်ရာအဖြစ် ဂေါ်ကီ၏ ''မာလ်ဗာနှင့်အခြားဝတ္ထုတိုများ'
၁၉၅၂ - ကမ္ဘာ့ငြိမ်းချမ်းရေးကွန်ဂရက်(မြ
၁၉၅၃ - ပထမဦးဆုံး ပင်ကိုယ်ရေးလုံးချင်းဝတ္ထု ''မေတ္တာအသင်္ချေ'' ထွက်ရှိ။
၁၉၅၄ - ရန်ကုန်တက္ကသိုလ်စာမေးပွဲကို ဆက်တိုက်ဖြေဆို အောင်မြင်ခဲ့။ အင်္ဂလိပ်စာပေ၊ ဒဿနိက၊ နိုင်ငံရေး သိပ္ပံပညာတို့ဖြင့် ၀ိဇ္ဇာဘွဲ့ရယူခဲ့။
၁၉၅၅ - သခင်ကိုယ်တော်မှိုင်းဦးဆောင်သော
၁၉၅၆ - ဥပဒေဘွဲ့ကို ''နိုင်ငံတကာဥပဒေဘာသာ ဂုဏ်ထူး''၊ ''ပြစ်မှုဆိုင်ရာဥပဒေဂုဏ်ထူး''ဖြ
၁၉၅၇ - ''ပြည်သူ့တိုးတက်ရေးပါတီ'' ပေါလစ်ဗျူရိုလူကြီး။ ကမ္ဘာ့ငြိမ်းချမ်းရေးကွန်ဂရက်(မြ
၁၉၅၈ - ရှမ်းပြည်နောက်ခံ၊ ''ပဒေသရာဇ်ဆန့်ကျင်ရေးဝတ္ထု''၊ ''လိုက်ခဲ့တော့မြနန္ဒာ''ကို မြ၀တီမဂ္ဂဇင်းတွင် ရေးသားခဲ့။ အထိန်းသိမ်းခံဘ၀၊ ကိုကိုးကျွန်းသို့ရောက်ခဲ့ရ။
၁၉၆၀ - ''စာရေးဆရာကလပ်'' အမှုဆောင်။ ''အမှောင်ရိပ်ဝယ်'' ၀တ္ထုရေးခဲ့။ ဗိုလ်တထောင်သတင်းစာတွင် နေ့စဉ်အခန်းဆက်အဖြစ် 'နွံထဲကကြာ' (နှစ်နှစ်နီးပါး) သိန်းဖေမြင့်နှင့်ပူးတွဲရေးခဲ့။
၁၉၆၁ - အထိန်းသိမ်းခံဘ၀မှလွတ်မြောက်ခဲ့
၁၉၆၂ - ''စာရေးဆရာသမဂ္ဂ''တွင် အမှုဆောင်ဖြစ်ခဲ့။
၁၉၆၃ - ''ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့
၁၉၇၂ - အထိန်းသိမ်းခံဘ၀မှလွတ်မြောက်ခဲ့
၁၉၇၃ - ''ဓားတောင်ကိုကျော်၍ မီးပင်လယ်ဖြတ်မည်'' ၀တ္ထုရှည်ရေးသားထွက်ရှိခဲ့။
၁၉၇၄ - ''နှစ်ဆယ်ရာစု ကမ္ဘာ့ဂန္ထ၀င်ဝတ္ထုတိုများ'' စာအုပ် ထွက်။
၁၉၇၅ - ''မြန်မာကျေးတောနေတို့၏ကဗျာများ
၁၉၇၆ - 'မာယာဘုံ' ၀တ္ထု (ဒုတိယပိုင်း) ထွက်ရှိ။
၁၉၇၇ - 'မီးလောင်မြေ' စာအုပ်ထွက်။ 'မှော်ရုံတောမှာ မောလှပြီ' စာအုပ်ထွက်။
၁၉၇၈ - မာဂရက်မစ်ချယ်၏ 'လေရူးသုန်သုန်'၀တ္ထု ဘာသာပြန် ၂ တွဲထွက် (ယင်းစာအုပ်ဖြင့် ၁၉၇၈အမျိုးသာားပေ ဘာသာပြန်ဆု ကျပ် ၅၀၀၀ိ/- ရရှိ)
၁၉၈၀ - ''ငွေသောင်ယံဟွန်ဒါယဉ်ကျေးမှု'' စာအုပ်ထွက်။
၁၉၈၂ - 'ပါရီကျဆုံးခန်း ၃ တွဲထွက်။ ပြိုင်မြင်းငွေကြာပျောက်ဆုံးမှုန
၁၉၈၃ - ''ရှားလော့ဟုမ်းပြန်လာပြီ' ဘာသာပြန်ထွက်။
၁၉၈၄ - ''ရှားလော့ဟုမ်း၏အမှုတွဲ'' ''ရှားလော့ဟုမ်း၏ စွန့်စားခန်း'' ''ရှားလော့ဟုမ်း၏နောက်ဆုံးဦးညွ
၁၉၈၅ - ''ရှားလော့ဟုမ်း၏သဲထိတ်ရင်ဖို''
၁၉၈၆ - ''ရွှေပြည်တော် မျှော်တိုင်းဝေး'' (၈-တွဲ) ထွက်ရှိ။
၁၉၈၇ - ''ချစ်သောယွန်းခင်ခင် (၃-တွဲ)ထွက်။
၁၉၈၈ - ''ခန်းဆောင်နီအိပ်မက်'' (၉-တွဲ) ထွက်ရှိ။
၁၉၈၉ - ''ကြေးနီရောင်အချစ်နှင့်ဝတ္ထုတို
၁၉၉၀ - ''ခေတ်သစ်သမိုင်းဋီကာ'' စာအုပ်ထွက်။ နိုင်ငံတကာရသစာတမ်းငယ်များ ၁ ထွက်။ ဧကရာဇ်တို့ ဘဏ္ဍာတိုက်ထွက်။
၁၉၉၁ - ကြေးနီရောင်အချစ်နှင့်ဝတ္ထုတိုမျ
၁၉၉၂ - မိန်းမအလှဋီကာကျမ်း။ မြသန်းတင့် အင်တာဗျူး။ နိုင်ငံတကာခေတ်သစ် ဂန္ထ၀င်ဝတ္ထုတိုများ ၄ တွဲ။ 'တွိုင်ဘီနှင့်ငြင်းခုံခြင်း' စာအုပ်များထွက်။ 'သုခမြို့တော်' စာအုပ်ထွက်။
၁၉၉၃ - တဂိုးကဗျာ ဘာသာပြန် ကူးတို့၊ ချစ်သူ့လက် ဆောင်၊ ဂီတဉ္ဇလီ၊ တိမ်းရှောင်သူ၊ ဥယျာဉ်မှူး၊ သစ်သီးခူး၊ လေလွင့် ငှက်ငယ်များ၊ ပိုးစုန်းကြူး စာအုပ်များထွက်။ နှစ်ဆယ်ရာစု နိုင်ငံရပ်ခြားကဗျာများထွက်။
၁၉၉၄ - 'နွေဦးတမန်' စာအုပ်ထွက်။ အမှောင်ရိပ်ဝယ်' စာအုပ်ထွက်
၁၉၉၅ - ''အချစ်မိုးကောင်းကင်'' (၉၅ - ခု၊ ဘာသာပြန်ဆုရ)။ မိန်းမတို့အကြောင်း (၁)။ 'ကမ္ဘာ့ရှုခင်း' အက်ဆေးဘာသာပြန်စာအုပ်များထွက်။
၁၉၉၇ - ''နိုင်ငံတကာရသစာတမ်းငယ်-၂ ထွက်။ မိန်းမတို့အကြောင်း-၂။ မော်တော်ကားတစ်စင်း၏ အတ္ထုပ္ပတ္တိ။ သမိုင်းစကား၊ ပန်းစကား (၁-၂)။ သမိုင်းထဲကမန္တလေး စာအုပ်များထွက်။
၁၉၉၈ - လူလေးသို့ပေးစာ။ ရေပွက်ပမာ။ မိန်းမတို့ အကြောင်း(၃)၊ မရဏအိပ်မက်တစ်ခု၏ မှတ်တမ်းစာအုပ် များထွက်။
၁၉၉၈-ခု၊ ဖေဖော်ဝါရီလ ၁၈ ရက်၊ ည ၉း၁၅ နာရီတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ကွယ်လ
No comments:
Post a Comment