ရုရှား ဆိုရှယ်ဒီမိုကရက်တစ် အလုပ်သမားပါတီ၏ လုပ်ငန်းစဉ် မူကြမ်း
ဓနရှင် ဒီမိုကရေစီ တော်လှန်ရေးကာလမှာ ပစ္စည်းမဲ့ အလုပ်သမားလူတန်းစား ပါတီတရပ်ရဲ့ လုပ်ငန်းစဉ်တွေကို လေ့လာနိုင်ပါတယ်။
ဲ
အလုပ်သမား လူတန်းစားဘက်ကနေ မားမားမတ်မတ် ရပ်တည်တဲ့ ပါတီတရပ်နဲ့ လူလတ်တန်းစားနဲ့ အရင်းရှင်တို့ရဲ့ အကျိုးစီးပွားဘက်က ရပ်တည်တဲ့ ပါတီတွေကြားမှာ ရည်မှန်းချက်၊ မျှော်လင့်ချက်တွေ ဘယ်လို ကွာခြားတယ်ဆိုတာ ဒီလုပ်ငန်းစဉ်တွေကို ကြည့်ပြီး မှန်းဆနိုင်ပါတယ်။
အောက်က လင့်မှာ ဒေါင်းလုတ် လုပ်ယူနိုင်ပါပြီ။

draft_programme_rsdlp.pdf |
ရေသောက်မြစ်သုံးသွယ် နဲ့ သမိုင်းဆိုင်ရာ ကံကြမ္မာ
ရေးသူ လီနင်
ဘာသာပြန် ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုဝါဒ ဖြန့်ချိရေးဌာန
မာ့ခ်စ်
ဝါဒရဲ့ ရေသောက်မြစ် သုံးသွယ် ဖြစ်ကြတဲ့ ဂျာမန် အဘိဓမ္မာ၊ ပြင်သစ်
ဆိုရှယ်လစ်ဝါဒ၊ အင်္ဂလိပ် ဘောဂဗေဒ တို့ နဲ့ ပတ်သက်တဲ့ ရေးသား ချက်ဖြစ်ပါတယ်။
ဒီရေသောက်မြစ်သုံးသွယ်ကနေ မာ့ခ်စ်ဝါဒ ဘယ်လိုရှင်သန်လာပါသလဲ။
အောက်ကလင့်မှာ ဒေါင်းလုတ် လုပ်ယူနိုင်ပါတယ်။
ဒီရေသောက်မြစ်သုံးသွယ်ကနေ မာ့ခ်စ်ဝါဒ ဘယ်လိုရှင်သန်လာပါသလဲ။
အောက်ကလင့်မှာ ဒေါင်းလုတ် လုပ်ယူနိုင်ပါတယ်။
3sourcesofmarxism.pdf |
အရင်းရှင်စနစ်၏ အမြင့်ဆုံးအဆင့်ဖြစ်သော နယ်ချဲ့စနစ်
ရေးသူ ဗီအိုင် လီနင်
ဘာသာပြန် ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုဝါဒ ဖြန့်ချိရေးဌာန
ရုရှား ကွန်မြူနစ်ပါတီခေါင်းဆောင် ဗီအိုင် လီနင် ရေးသားပြုစုတဲ့ ကျမ်းဖြစ်ပါတယ်။
ဒီစာအုပ်ဟာ နယ်ချဲ့စနစ်လက်အောက်ကျရောက်နေကြတဲ့ ကိုလိုနီ နိုင်ငံတွေကို လွတ်မြောက်ရေးတိုက်ပွဲဆင်နွှဲဖို့ လမ်းညွှန်စည်းရုံး နိုင်ခဲ့တဲ့ စာ အုပ်ဖြစ်ပါတယ်။
အရင်းရှင်စနစ်ကနေ နယ်ချဲ့ စနစ်အဖြစ် အသွင်ကူးပြောင်းပုံကို စနစ်တကျ ဝေဖန် သုံးသပ်ထားတဲ့ နိုင်ငံရေးသိပ္ပံ ကျမ်းတစောင်လည်း ဖြစ်ပါတယ်။
ဒီနေ့ခေတ် အရင်းရှင် စနစ်ရဲ့ ဖြစ်ပေါ်တိုးတက်မှုတွေကို လေ့လာတဲ့ အခါမှာ ပြန်လည် ဖတ်ရှုပြီး တိုက်ဆိုင်လေ့လာသင့်တဲ့ စာအုပ်လည်း ဖြစ် ပါတယ်။
စီးပွားရေး အကျပ်အတည်းကနေ၊ နိုင်ငံရေး အကျပ်အတည်းကို ကူးလျင် အထွေထွေ အကျပ် အတည်းဖြစ်မှာ သေချာသည်။ အထွေထွေ အ ကျပ် အတည်းဖြစ်လျင် လူတန်းစား တိုက်ပွဲ ဆက်ဖြစ်မည်။ တိုင်းပြည်အချင်းချင်း ပဋိပက္ခ ဖြစ်မည်။ မထိန်းနိုင်လျင် စစ်ဖြစ်မည်။ ထို့ကြောင့် ဤ စာအုပ်ကို ပြန်လည်ထုတ်ဝေသည် လို့ ထုတ်ဝေသူရဲ့ အမှာစကားမှာ ဆိုထားပါတယ်။
ဘာသာပြန်စာအုပ်ကို အောက်က လင့်မှာ ဒေါင်းလုတ် လုပ်ယူနိုင်ပါတယ်။
imperialism_the_highest_of_capitalism.pdf |
မော်စကို အုံကြွမှု သင်ခန်းစာများ
ရေးသူ ဗီအိုင် လီနင်
ဘာသာပြန် ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုဝါဒ ဖြန့်ချိရေးဌာန
လူထု အုံကြွမှုနဲ့ ပတ်သက်ပြီး လီနင် ရေးသားထားတဲ့ မော်စကို အုံကြွမှု သုံးသပ်ချက် ဖြစ်ပါတယ်။
ကျွန်ုပ်တို့ဟာ မိမိတို့ကိုယ်ကိုယ် ငြိမ်းချမ်းတဲ့ လှုပ်ရှားမှုတွေထဲမှာ ဘောင်ခတ်ထားလို့ မဖြစ်ဘူး။
နည်းပညာ တိုးတက်မှုတွေကို ကျွန်ုပ်တို့ အခွင့်ကောင်းယူရမယ်။
စသဖြင့် ဒီစာတမ်းမှာ ရေးသားထားပါတယ်။
လူထုအုံကြွမှုနဲ့ ပတ်သက်ပြီး စိတ်ဝင်စားရင်
အောက်လင့်မှာ စာအုပ်ကို ဒေါင်းလုတ်လုပ်ယူနိုင်ပါတယ်။

moscow_lessons.pdf |
သပိတ် တိုက်ပွဲ
ရေးသူ လီနင်
ဘာသာပြန် ဗမာပြည် ကွန်မြူနစ်ပါတီ ဗဟိုသုတေသန ဌာန
သပိတ်
တိုက်ပွဲဟာ စစ်ကျောင်းတော်ကြီးပါ။ ဒါပေမဲ့ စစ်ပွဲ စစ်စစ်တော့ မဟုတ်။
သပိတ်ဆိုတာ တိုက်ပွဲ နည်းနာ တခု၊ အလုပ်သမား လှုပ်ရှားမှု အတွင်းက မျက်နှာစာ
တခုဖြစ်တယ်။
လို့ ဒီစာတမ်းမှာ ရေးသားထားပါတယ်။
သပိတ်တိုက်ပွဲဟာ ငြိမ်းချမ်းစွာ ဆန္ဒပြခြင်းရဲ့ အမြင့်ဆုံးပုံစံ ဖြစ်ပြီး၊ လက်နက်ကိုင် တိုက်ပွဲရဲ့ အနိမ့်ဆုံး အဆင့် လို့လည်း လီနင်က ဆိုခဲ့ဖူးပါတယ်။
သပိတ်နဲ့ ပတ်သက်ပြီး လေ့လာဆည်းပူးသင့်တဲ့ စာတမ်းတစောင် ဖြစ်ပါတယ်။
အောက်က လင့် မှာ ဒေါင်းလုတ် လုပ်ယူနိုင်ပါတယ်။

lenin_on_strike.pdf |
လီနင် ရဲ့ ဆောင်းပါး သုံးစောင်
ရေးသူ လီနင်
ဘာသာပြန် ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုသုတေသနဌာန
ကျွန်တော်တို့ရဲ့ လုပ်ငန်းစဉ်
ကျွန်တော်တို့ရဲ့ လတ်တလော လုပ်ငန်း
အမြန်ရှင်းရန်လိုသော လုပ်ငန်းတခု
အောက်က လင့် မှာ ဒေါင်းလုတ် လုပ်ယူနိုင်ပါတယ်။
ကျွန်တော်တို့ရဲ့ လတ်တလော လုပ်ငန်း
အမြန်ရှင်းရန်လိုသော လုပ်ငန်းတခု
အောက်က လင့် မှာ ဒေါင်းလုတ် လုပ်ယူနိုင်ပါတယ်။
lenins_three_articles.pdf |
၁၉၀၅ ခု တော်လှန်ရေး အကြောင်း ဟောပြောချက်
ဟောပြောသူ လီနင်
ဘာသာပြန် ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုသုတေသနဌာန
အောက်တိုဘာတော်လှန်ရေး မတိုင်ခင်မှာ ပေါ်ပေါက်ခဲ့တဲ့ ၁၉၀၅ ခုတော်လှန်ရေးအပေါ် လီနင်ရဲ့ ပြန်ပြောင်းသုံးသပ်ချက် ဖြစ်ပါတယ်။
အောက်က လင့် မှာ ဒေါင်းလုတ် လုပ်ယူနိုင်ပါတယ်။
အောက်က လင့် မှာ ဒေါင်းလုတ် လုပ်ယူနိုင်ပါတယ်။
lenin_on_1905_revolution.pdf |
No comments:
Post a Comment